မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စျေးကွက်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သည့် UMFCCI MSME 2023 ပြပွဲကြီးကို ရန်ကုန်မြို့ LOTTE HOTEL ၌ မေလ (၇)၊ (၈) နှစ်ရက်တာ ကျင်းပပြုမည်ဖြစ်ကြောင်းသိရသည်။ ပြပွဲတွင် ပြခန်းပေါင်း ၁၂၀ ကျော် ပါဝင်ပြသလျှက်ရှိပြီး MSME လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများဖြစ်သော စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်နှင့် အလှဆင်ပစ္စည်းများ ၊ လက်ဝတ်ရတနာများ၊ လက်မှုအနုပညာပစ္စည်းများ၊ မြန်မာတိုင်းရင်းဆေးဝါးများ စသည်တို့ကို ခင်းကျင်းပြသလျှက်ရှိကြောင်း သိရသည်။
Visitor Count
Today Views : 63643
Total Views : 2117058
Add Comment