မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ၂၀၂၄ – ၂၀၂၅ ပညာသင်ကြားရေး ထောက်ပံ့ပွဲအခမ်းအနားကို ဇွန်လ (၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ထောက်ပံ့ပွဲတွင် အလွှာပေါင်းစုံမှ အစည်းအရုံးဝင် မိသားစုများ၏ ကလေးငယ် (၁၇၈) ဦးအတွက် ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်း (၁၀) မျိုးကို ပေးအပ်ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။
Add Comment